OUR SERVICES

(၁၆) နှစ်အရွယ်ကစပြီး အသက် (၃၀) ကြား ကျောင်းသားလူငယ်တွေ နိုင်ငံတကာမှာ ပညာသင်သွားဖို့ ဝန်ဆောင်မှုတွေ ပေးပါ တယ်။ မြန်မာဆယ်တန်း မအောင်သေးတဲ့သူတွေ ၊ IGCSE ပြင်ဆင်နေတဲ့ ကျောင်းသားတွေ အတွက်Grade 12 ပြင်ဆင်တာ ၊ဆယ်တန်း အောင်ပြီးသား ၊ IGCSE ဖြေပြီးသား ကျောင်းသူကျောင်းသား တွေအတွက် Foundation ပြင်ဆင်ပေးတဲ့အတန်း ၊ GED ပြင်ဆင်ခြင်းနဲ့ Exam Service၊ ACT ပြင်ဆင်ခြင်းနဲ့ Exam Service ဝန်ဆောင်မှုတွေ ရှိပါ တယ်။

မြန်မာဆယ်တန်းမဖြေဆိုရသေးဘူး ၊ သို့မဟုတ် အစိုးရတက္ကသိုလ်တက်လက်စတန်းလန်း ပညာရေးတပိုင်းတစ ဖြစ်နေသူတွေ ၊ နိုင်ငံခြားလည်းထွက်ဖို့ (ငွေကြေးကြောင့်ဖြစ်စေ၊ အခြေအနေတခုခုကြောင့်ဖြစ်စေ) အဆင်မပြေဘူးဆိုရင် IGCSE တို့ GCE A Level တို့မပြင်သင့်ပါဘူး ၊ ပြည်တွင်း Private University တွေမှာစုံစမ်းဖို့ အားပေးပါတယ်။ ABE/NCC/HND စတဲ့ UK Qualification Diploma တွေကို စုံစမ်းတက်ရောက်ဖို့ အကြံပေးပါတယ်။

ဆယ်တန်းမဖြေဆိုရသေးဘူး ၊ IGCSE မဖြေဆိုရသေးဘူး ၊ (တက်နေသည်ဖြစ်စေ ၊ မတက်ရောက်ရသေးသည်ဖြစ်စေ) နိုင်ငံခြားသွားဖို့ အစီအစဉ်ရှိတယ်။ ကုန်ကျစရိတ် အသက်သာဆုံး နိုင်ငံတွေမှာ ပညာသင်သွားဖို့ စိတ်ကူးရှိတယ်ဆိုရင် General Educational Development Test (GED) ကိုဖြေဆိုဖို့ စဉ်းစားသင့်ပါတယ်။

GED နဲ့အခု ACT-GAC နဲ့ဘာကွာလဲဆိုရင် GED သည်အမေရိကန်အထက်တန်းနဲ့ ညီမျှတဲ့ပညာရေး ရှိ/မရှိ ဆိုတာကို စစ်ဆေးပေးတဲ့ လက်မှတ်တစ်ခုဖြစ်ပါတယ်။ Singapore/Thai/USA နိုင်ငံတွေအတွက် အထူးသင့်တော်ပါတယ်။ GED သင်ပြီးရင် IGCSE သင်စရာမလိုပါ။ Foundation မလွတ်ပါ။ ACT-GAC ကတော့ Singapore/UK/Australia/USA (ဥပမာ State University of New York, Oswego) မှာ Foundation ကင်းလွတ်ပါတယ်။ CROWN & RAI တွင် RAI Grade 12 GED တက်ရောက်ဖြေဆိုအောင်မြင်ပြီးပါက CROWN Education နဲ့ချိတ်ဆက်ထားသော တက္ကသိုလ်ကျောင်း (၂) ခု ၊ မချိတ်ဆက်ထားသော တက္ကသိုလ်ကျောင်း (၁) ခု၏ ဝင်ခွင့်နှင့် ဗီဇာကို အခမဲ့ ဆက်လက်လျှောက်ထားပေးမှာ ဖြစ်ပါတယ်။

မြန်မာဆယ်တန်းဖြေပြီးသွားပြီး အမှတ်တွေကောင်းတယ်၊ IGCSE ဖြေပြီးသွားပြီး အမှတ်တွေကောင်းတယ်၊ Canada, Australia, New Zealand, UK, USA, Europe, Switzerland စတဲ့နိုင်ငံတွေမှာ Ranking ကောင်းတဲ့တက္ကသိုလ်တွေ၊ Medical School တွေကို တက်ရောက်ပညာသင်ကြားလိုတယ်ဆိုရင်တော့ Canada အစိုးရက လက်မှတ်ချီးမြှင့်တဲ့ Canada Grade 12 Program ကို CROWN & RAI မှာ တက်ရောက် လေ့လာသင့်ပါတယ်။ IGCSE ပြီးဆုံးထားတဲ့သူတွေအနေနဲ့ GCE A Level ဆက်ဖြေမယ်ဆို အချိန်(၂)နှစ်ခန့် ပေးရပါတယ်။ OSSD Qualification (ကနေဒါ ၁၂တန်း ) ကို GCE A Level နဲ့ အတူတူပဲ နိုင်ငံတကာမှာလက်ခံပါတယ်။ အချိန်(၁၀)လခန့်ပဲ ပေးရပါတယ်။ Canada Grade 12 ကို Academic Background သိပ်မကောင်း တဲ့ကလေးတွေကိုတော့ အားတော့အားမပေးပါ ။ စာလိုက်ရတာ အခက်အခဲရှိနိုင်ပါတယ်။CROWN & RAI မှာ Canada Grade 12 တက်ရောက်ဖြေဆိုအောင်မြင်ပြီးပါက CROWN Education နဲ့ချိတ်ဆက်ထားသော တက္ကသိုလ်များဖြစ်စေ မချိတ်ဆက်ထားသော တက္ကသိုလ်ကျောင်း များကို အများဆုံး (၇) ကျောင်းထိ ကျောင်း + ဗီဇာ အခမဲ့ ဆက်လက်လျှောက်ထားပေးမှာ ဖြစ်ပါတယ်။

NEX Education မှာ တက်ရောက်တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ OSSD, ACT-GAC, GED ရမှတ်တွေအလိုက် သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း လျှောက်ထားပေးတဲ့ ဝန်ဆောင်မှုရှိပါတယ်။ အပြင်ကျောင်းသားတွေကိုတော့ NEX Education နဲ့မချိတ်ဆက်ထားတဲ့ တက္ကသိုလ် လျှောက်ထားခြင်းများကိုတော့ ဝန်ဆောင်မှုမပေးနိုင်သေးပါ။ NEX – RAI တွင် OSSD Grade 12 Program ကို Royal Plan ဖြင့်ထူးချွန်စွာ တက်ရောက်ပြီးစီးသော ကျောင်းသူကျောင်းသားများကို Special Application Service ဖြည့်စွက် လျှောက်ထားပေးပါတယ်။

NEX Education နဲ့ ချိတ်ဆက်ထားတဲ့ တက္ကသိုလ် ကောလိပ်တွေကို ကျောင်းလျှောက်တာ ဗီဇာ လျှောက်ပေးတာတွေ အစအဆုံး တာဝန်ယူ လုပ်ကိုင်ပေးပါတယ်။ အဲဒီ့အတွက် ဘယ်လိုဝန်ဆောင်မှု အခကြေးငွေတွေမှ တစုံတရာပေးဖို့ မလိုအပ်ပါဘူး။ ဗီဇာကြေးကို သက်ဆိုင်ရာ သံရုံးကိုတိုက်ရိုက် ပေးသွင်းရပါတယ်။ ကျောင်းလခကိုလည်း သက်ဆိုင်ရာကျောင်းကို တိုက်ရိုက်ပေးသွင်းရပါတယ်။ မပေးသွင်းတတ်လို့ အကူအညီတောင်းပါက NEX Education ကကူညီဝန်ဆောင်မှု ပေးပါတယ်။