Study in USA

အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့နိုင်ငံအသီးသီးဖြင့်နှိုင်းယှဉ်လျှင် နိုင်ငံတကာကျောင်းသားများအတွက် ပညာသင်ဆုအများဆုံးပေးသည့်အပြင် ကုန်ကျစရိတ်သက်သာစွာဖြင့် ပညာသင်ယူနိုင်သော နိုင်ငံဖြစ်သည်။

အမေရိကန်တွင် ပညာသင်ကြားလိုသည့် ကျောင်းသူကျောင်းသားများအနေဖြင့် နှစ်စဉ် ပြောင်းလဲလာသည့် အမေရိကန်ကောလိပ်များ၏ ဝင်ခွင့် လိုအပ်ချက်အသစ်များ၊ အမေရိကန် ပညာရေးစနစ်များကို ဦးစွာနားလည် သဘောပေါက်စေရန် ကြိုးစားအားထုတ်သင့်သည်။အမေရိကန်တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားနိုင်သည့် ပညာရေးလမ်းကြောင်းသစ်များ ရှိသည်။ Pathway Program ဟုခေါ်သည်။ အဆိုပါ ပညာရေး လမ်းကြောင်းများမှ တစ်ဆင့် လျှောက်ထားပါက (၁၀) တန်း ဖြေဆို အောင်မြင်ပြီး သူများအတွက် SAT/ACT ရမှတ်များ တင်ပြစရာမလိုဘဲ ကျောင်းဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

ကွန်မြူနီတီကောလိပ်များမှတဆင့်လျှောက်ထားခြင်းကို (၂)+(၂) ပရိုဂရမ်ဟု လူသိများသည်။ ကောလိပ် (၂)နှစ်၊ တက္ကသိုလ် (၂)နှစ် စနစ်ဖြစ်သည်။ တစ်ချို့ ကွန်မြုနီတီ ကောလိပ်များကို မကြိုက်ကြသော်လည်း၊ နေရာဒေသနှင့် ကောလိပ်ပေါ်မူတည်၍ ကျောင်းကောင်းကောင်း ရွေးချယ်တက်ရောက်နိုင်သည်။ ကုန်ကျစရိတ်မှာအလွန်သက်သာသည်။ တစ်နှစ်လျှင် စာသင်စရိတ် $ 8,000 မှ $ 12,000 ခန့်သာ ကုန်ကျသဖြင့် မြန်မာကျောင်းသားအများစု ရွေးချယ်တက်ရောက်ကြသည်။ Community College များတွင် GPA အမှတ်ကောင်းပါက အဆိုပါကောလိပ်များမှ တဆင့် ကမ္ဘာ့အဆင့် နာမည်ကြီး တက္ကသိုလ်များဖြစ်သော UCLA (University of California, Los Angeles) UC Berkeley တက္ကသိုလ်များအထိ Transfer Program ဖြင့်တက်ရောက်နိုင်သည်။ အဆိုပါ ကောလိပ်များကို မြန်မာ (၁၀)တန်း သို့မဟုတ် IGCSE ရမှတ်များဖြင့်လျှောက်ထားနိုင်သည်။ SAT/ACT ရမှတ်များ တင်ပြရန် မလိုအပ်ပါ။ ( အထူးမှတ်ချက်။ ။ ကွန်မြူနီတီကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ ယခုအခါ Community College သို့လျှောက်ထားမှုများပြားခြင်း၊ Student Pass ကိုအသုံးပြု၍အမေရိကန်ပြည်ထောင်စုအတွင်းဝင်ရောက်ပြီး အမှန်တကယ်ကျောင်းတက်မှုမရှိခြင်းတို့ကြောင့် ဗီဇာလွယ်လွယ်ကူကူ မရရှိနိုင်ပါ။)

တက္ကသိုလ်များသို့ လျှောက်ထားရာတွင် နိုင်ငံတကာ ကျောင်းသားများအတွက် အထူးစီစဉ်ထားသည့် အမေရိကန်တက္ကသိုလ်များ၏ ပထမနှစ် (Freshman) နှင့် ညီမျှသော University Pathway Program (UPP) ကဲ့သို့သော သင်တန်းများသို့ တိုက်ရိုက်လျှောက်ထား တက်ရောက်နိုင်ပြီး အဆိုပါ ပညာရေးလမ်းကြောင်းမှတစ်ဆင့် တက္ကသိုလ်ဒုတိယနှစ် (Sophomore)၊ တတိယနှစ် (Junior) နှင့် စတုတ္တနှစ် (Senior) တန်းများသို့ အဆင့်ဆင့် ဆက်လက် တက်ရောက်ကာ ဘွဲ့ရယူနိုင်ပါသည်။ အဆိုပါ Pathway Program ကို မြန်မာနိုင်ငံမှာ (၁၀)တန်းအောင်မြင်ထားသူများ၊ IGCSE ဖြေဆိုထားသူများ တိုက်ရိုက် လျှောက်ထားနိုင်သည်။ မြန်မာ (၁၀)တန်း ဖြေဆိုထားသူများအနေဖြင့်လည်း IGCSE ထပ်တက်ရန် မလို၊ မြန်မာနိုင်ငံရှိ အမေရိကန် ကျောင်းများတွင် ထပ်မံပြင်ဆင်ရန်မလို၊ SAT များဖြေဆိုရန်မလိုပဲ အဆိုပါတက္ကသိုလ်များမှ တိုက်ရိုက် လက်ခံ သင်ကြားပေးသည့် စနစ်ဖြစ်သည်။ IGCSE ဖြေဆိုထားသူများအနေဖြင့်လည်း၊ GCE ’A’ ဖြေရန်မလို၊ SAT ဖြေရန်မလို၊ Grade 12 ဖြေဆိုရန်မလိုပဲ တက်ရောက်နိုင်သည့် တက္ကသိုလ်များဖြစ်သည်။ မြန်မာ (၁၀)တန်း အမှတ်များ၊ IGCSE အမှတ်ကောင်းသူများ အတွက် တစ်စိတ် တစ်ပိုင်း ပညာသင် ထောက်ပံ့ကြေးများလျှောက်ထားနိုင်သည်။ အဆိုပါ တက္ကသိုလ်များ၏ အမည်စာရင်း ကို ဤ website တွင် အသေးစိတ် ဖေါ်ပြထားသည်။

မြန်မာ၉တန်းအောင် / IGCSEမဖြေဆိုရသေးသော ကျောင်းသူကျောင်းသားများ

NEX Education ၏သင်ကြားရေးစင်တာဖြစ်သော Royal Academic Institute သည် အမေရိကန်ပြည်ထောင်စုကောလိပ်နှင့်တက္ကသိုလ်များမှလက်ခံသည့် SAT နှင့် တစ်ထပ်တည်းတူညီသည့် ACT (American College Test ) Official Center အပြင် GED Exam Center ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် American High School Diploma လက်မှတ်ဖြစ်သော GED နှင့် USA Grade 12 ဖြစ်သော ACT-GAC လက်မှတ်များပြင်ဆင်ပြီး အမေရိကန်တက္ကသိုလ်ကောလိပ်၊ တက္ကသိုလ်များကို လျှောက်ထားပေးပါသည်။

၁၂တန်းဖြေဆိုပြီးသော ကျောင်းသားကျောင်းသူများ

အမေရိကန်ပြည်ထောင်စုရှိ Ivy League တက္ကသိုလ်ကြီးများနှင့် Rank မြင့်သောတက္ကသိုလ်ကြီးများသို့ လျှောက်ထားခြင်း၊ ပညာသင်ဆု ရာနုန်းများများ လျှောက်ထားလိုခြင်းများအတွက် သာမာန် IGCSE အမှတ်များ၊ မြန်မာ ၁၂ တန်းအမှတ်များဖြင့် မလုံလောက်နိုင်ပါ။ မြန်မာ (၁၂)တန်း၊ IGCSE, GCE A ရမှတ်များသက်သက်ဖြင့် လျှောက်ထားခြင်းထက် SAT-ACT ရမှတ်များ ( COVID -19 ကြောင့်တက္ကသိုလ်များမှ အဆိုပါအမှတ်များကိုမတင်ခွင့်ပြုထားသော်လည်း တင်ပြနိုင်ပါက ဝင်ခွင့်နှင့် ပညာသင်ဆုအတွက်အခွင့်အရေးပိုရနိုင်ပါသည်။) Study Plan, State of Purpose, Academic Recommendation များ၊ Extracurricular Activities, Volunteering Experience များ၊ အားကစားထူးချွန်မှုမှတ်တမ်းများ၊ စသဖြင့်စုံစုံလင်လင်ဖြင့် Common Application System သို့မဟုတ် Coalition Application System များမှတဆင့်လျှောက်ထားသင့်သည့်။

မြန်မာနိုင်ငံ CROWN Education ၏ သင်ကြားရေးစင်တာဖြစ်သော Royal Academic Institute သည့် ACT (American College Test) ၏ တရားဝင် စာမေးပွဲစစ်ဆေးပေးသည့်စင်တာဖြစ်ပြီး USA Grade 12 ပါပြင်ဆင်ပေးသဖြင့် CROWN & RAI တွင် SAT/ACT အမှတ်များပြင်ဆင်၍ မိမိတို့စိတ်ကြိုက်တက္ကသိုလ်များသို့ တိုက်ရိုက်လျှောက်ထားခြင်း ဝန်ဆောင်မှုပေးပါသည်။

မြန်မာနိုင်ငံတွင် ဘွဲ့တစ်ခုခုရရှိထားပြီး အမေရိကန်ပြည်ထောင်စုတွင် ဘွဲ့လွန် ဆက်လက်သင်ယူမည်ဆိုပါက ယေဘုယျအားဖြင့် GRE/GMAT ရမှတ်များတင်ပြရန်လိုအပ်သည်။ အချို့တက္ကသိုလ်များတွင် Pre-Master ပရိုဂရမ်များသင်ကြားပို့ချပေးပြီး Pre-Master’s ပညာရေးလမ်းကြောင်းများမှတစ်ဆင့် လျှောက်ထားပါကလည်း GRE/GMATရမှတ်များ တင်ပြစရာမလိုဘဲ လျှောက်ထားနိုင်သည်။

အမေရိကန်ပြည်ထောင်စုတွင်အဆင့်မြင့်ပညာရေးကို လေ့လာသင်ယူရာတွင် ကောလိပ်နှင့် တက္ကသိုလ်ပေါ် မူတည်၍ လည်းကောင်း၊ ၎င်းတို့ တည်ရှိရာ ပြည်နယ်အပေါ် မူတည်၍လည်းကောင်း၊ ကျောင်းလခ နှင့် နေထိုင်စားသောက်စရိတ်များပေါ်မူတည်၍လည်းကောင်း (၁)နှစ်စာ ကုန်ကျ စရိတ်များစွာကွာခြားလေ့ရှိပါသည်။

ပျမ်းမျှအားဖြင့် ကျောင်းလခအပါအဝင် နေထိုင်စားသောက်စရိတ် စုစုပေါင်း (၁)နှစ်စာလျှင် $ 30,000 ခန့်မှ $ 60,000 အထိ ကုန်ကျလေ့ရှိသည်။ ပညာရေးထူးချွန်မှု မှတ်တမ်းများ တင်ပြနိုင်သည့် ကျောင်းသူ ကျောင်းသားများ အနေဖြင့် ဥပမာအားဖြင့် ၁၀ တန်းကို ထူးချွန်စွာအောင်မြင်ခြင်း၊ IGCSE ရမှတ်ကောင်းခြင်း ၊ TOEFL သို့မဟုတ် IELTS ရမှတ်ကောင်းများတင်ပြခြင်း၊ SAT (I & II) ရမှတ်များ (သို့) ACT ရမှတ်များ တင်ပြခြင်းဖြင့် တစိတ်တပိုင်း ပညာသင်ဆု၊ ပညာသင် ထောက်ပံ့ကြေးများ လျှောက်ထားကြည့်နိုင်ပါသည်။

Community College များတွင် ပညာသင်ဆုပေးခဲပါသည်။ Community College များတွင် GPA/အမှတ် ကောင်းအောင်လုပ်ပြီး University Transfer လုပ်သည့်အခါတွင်ပညာသင်ဆုကြိုးစားကြည့်နိုင်ပါသည်

Placeholder content for this accordion, which is intended to demonstrate the .accordion-flush class. This is the third item's accordion body. Nothing more exciting happening here in terms of content, but just filling up the space to make it look, at least at first glance, a bit more representative of how this would look in a real-world application.